မက်ဆီ ဘယ်တော့မှ မချိုးဖျက်နိုင်တော့တဲ့ စီရော်နယ်ဒိုရဲ့ စံချိန်ကောင်း (၅) ခု

မလျော့သော ကြိုးစားမှု၊ ပြင်းပြတဲ့ ယုံကြည်ချက်တွေနဲ့အတူ ကြိုးစားခဲ့တဲ့ စီရော်နယ်ဒိုဟာ ဘောလုံးလောကရဲ့ သင်္ကေတစ်ခုလည်းဖြစ်တယ။် သူဟာ ဖြတ်သန်းခဲ့တဲ့ ကစားသမားဘ၀တစ်လျှောက်မှာ စံချိန်ပေါင်းများစွာ ကို ရိုက်ချိုးပြီး ဆုတံဆိပ်ပေါင်းများစွာကိုလည်း အရယူနိုင်ခဲ့သူပါ။ မက်ဆီနဲ့ စီရော်နယ်ဒိုဆိုတာ ဘယ်သူပိုကောင်းသလဲဆိုတာ အားလုံးလက်ခံရတဲ့အဖြေတစ်ခု ဒီနေ့ဒီအချိန်အထိ တိတိကျကျ ထွက်ပေါ်သေးခြင်းမရှိဘဲ သူ့အမြင်၊ ကိုယ့်အမြင်နဲ့ ငြင်းခုံနေကြဆဲပါပဲ။ ဒါကြောင့်အခုအခါမှာတော့ လီယွန်နယ်မက်ဆီ ဘယ်တော့မှမချိုးနိုင်တဲ့ စီရော်နယ်ဒိုရဲ့ စံချိန်ကောင်း ၅ ခုကို ဖော်ပြပေးလိုက်ရပါတယ်။

ချန်ပီယံလိဂ် ဂိုးသွင်းစံချိုန်

စီရော်နယ်ဒိုဟာ ကစားသမားဘ၀တစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၆ ရာသီဆက်တိုက် ဂိုးအများဆုံးသွင်းနိုင်ခဲ့တဲ့ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ဂိုး အများဆုံးသွင်းနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ မက်ဆီရဲ့ အသက်အရွယ်အရ အဲဒီစီရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်ဆက်တိုက် ဂိုးသွင်းစံချိန်ကို ချိုးဖျက်ဖို့ မဖြစ်နိုင်တော့ပါဘူး။

၆ ရာသီဆက် ဂိုး ၅၀ အထက် စံချိန်

စီရော်နယ်ဒိုဟာ ဂိုးသွင်းမုဆိုးတစ်ယောက်ဆိုတာ အားလုံးလည်း သိပြီးသားပါ။ စီရော်နယ်ဒိုဟာ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ဂိုး ၅၀ နဲ့ အထက်အထိ သွင်းယူနိုင်ခဲ့ပါတယ်။ မက်ဆီကတော့ ဂိုး ၅၀ အထက် သွင်း ယူနိုင်ခဲ့တာ ၃ ရာသီသာရှိခဲ့ပြီး ဒါဟာစီရော်နယ်ဒိုထက် ထက်ဝက်ခန့်နည်းပါးတဲ့ ပမာဏလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလား

ချန်ပီယံလိဂ်လို့ အမည်ပြောင်းလဲခဲ့ပြီးနောက်ပိုင်းမှာ ချန်ပီယံဖလားကို ၂ နှစ်ဆက် ရယူနိုင်ခဲ့တာ ရီးရဲတစ်သင်းပဲ ရှိပါတယ်။ ဒါေုကြာင့် စီရော်နယ်ဒိုဟာလည်း ရီးရဲနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက်ကိုင် မြှောက်နိုင်ခဲ့တယ်။ မက်ဆီအနေနဲ့ စီရော်နယ်ဒိုရဲ့အဲဒီစံချိန်ကိုချိုးနိုင်ဖို့ လုံးဝမဖြစ်နိုင်သလောက်ပါပဲ။

မတူညီတဲ့နိုင်ငံတဲ့ အမှတ်ပေးဇယားရရှိမှု

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကမှ ဂျူဗင်တပ်ကို ပြောင်းရွှေ့လာခဲ့တဲ့ စီရော်နယ်ဒိုဟာ စတင်ရောက်ရှိုတဲ့ရာသီမှာပဲ ဂျူဗင်တပ်အသင်းနဲ့အတူ စီးရီးအေအမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ဒါဟာ စီရော်နယ်ဒို အတွက်တော့ မတူညီတဲ့ လိဂ် ၃ ခုမှာ ပြည်တွင်းအမှတ်ပေးဖလားကို ရယူနိုင်ခဲ့တာပါပဲ။ စီရော်နယ်ဒိုဟာ မန်ယူ၊ ရီးရဲအသင်းတို့မှာလည်း ပြည်တွင်းအမှတ်ပေးဖလားတွေကို အသီးသီး ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာတစ် သင်းတည်းမှာသာ စွဲစွဲမြဲမြဲ ကစားနေတဲ့ လီယွန်နယ်မက်ဆီအနေနဲ့ ဒီစံချိန်ကို ချိုးဖျက်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။

မတူညီတဲ့အသင်းနှစ်သင်းနဲ့ အမြင့်ဆုံးဆုတွေရရှိမှု

စီရော်နယ်ဒိုဟာ မန်ယူနဲ့ ရီးရဲအသင်းတို့မှာ ကစားရင်း အမြင့်ဆုံးတစ်ဦးချင်းဆုတံဆိပ်များစွာကို ရယူနိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ မန်ယူအသင်းမှာ ၆ နှစ်ကြာကစားပြီး Ballon d’Or, FIFA World Player of the Year, European Golden Boot and FIFA Puskas Award စတဲ့ ဘောလုံးသမားတွေ မက်မောတဲ့ တစ်ဦးချင်းဆုတံဆိပ်များစွာကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ရီးရဲကိုပြောင်းရွှေ့တော့လည်း Ballon d’Or ဆု ၃ ကြိမ်၊ FIFA The Best ဆု ၂ ကြိမ်နဲ့ ဥရောပရွှေဖိနပ်ဆု ၃ ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။ မက်ဆီကတော့ ဘာစီလိုနာတစ်သင်းတည်းမှာပဲ ဆုတံဆိပ်တွေကို ရယူနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *